detail

လေဘေးထောက်ပံ့မှုသတင်း

၂၀၁၇ခုနှစ်၊ မေလ ၁၉ ရက်မြောက်ဦးခရိုင်ဦးစီးမှူးရုံး

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာ၌ (၁၈-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ် (၁) လုံးနှင့် (အ.မ.က) စာသင်ကျောင်း (၁) ကျောင်း သွပ်အမိုးများလန်ပြီး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၉-၅-၂၀၁၇) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31215