detail

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျုဟာစီမံကိန်းအားအရှိန်အဟုန်ြမှင့်တင် အကောင် အထည်ဖော်ဆောင်ရန်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များဖွဲ့စည်းခြင်းအစည်းအဝေးကျင်းပခြင်း

၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေပြည်တော်

(၁၀.၈.၂၀၁၇)ရက်နေ့၊နံနက်(၉းဝဝ)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျုဟာ စီမံကိန်းအားအရှိန်အဟုန်မြင့်တင်အကောင်အထည်ဖော်ဆောင်ရန် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့များဖွဲစည်းခြင်းအစည်းအဝေးကိုကျင်းပခဲ့ပါသည်။အဆိုပါအစည်းအဝေး တွင်ခေတ္တညွန်ကြားရေးမှူးချုပ်မှအဖွင့်အမှာစကားပြောကြားရာတွင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ေရးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျုဟာစီမံကိန်း(၂၀၁၃-၂၀၂၂ ) (NSPAW)သည်(၂၀၁၃)ခုနှစ်မှစ၍အကောင်ထည်ဖော်ဆောင်ရွက်နေသော(၁၀)နှစ်မဟာဗျုဟာစီမံကိန်းဖြစ်ပါကြောင်း၊ယခုအခါ(၅)နှစ်ကုန် ဆုံးတော့မည်ဖြစ်၍ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် Technical Working Group(၄)ခုကို ဖွဲ့ထားပါကြောင်း၊ အစိုးရအစီအစဉ်အရ INGOs၊ NGOsများနှင့် CSOများနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်းြပီး ကဏ္ဍအလိုက်စီမံကိန်းများေဆာင်ရွက်မည်ဖြစ်ပါကြောင်း၊CEDAWကော်မတီ မှ အကြံပြုချက်များကို စဉ်ဆက်မပြတ်စဉ်းစားရန်နှင့် High Light လုပ်ချင်ပါကနှစ်ကုန်လျှင်  Evaluation လုပ်ရမည် ဖြစ်ပါကြောင်း၊ လာမည့် စက်တင်ဘာလ (၂၂)ရက်နေ့တွင်ကျင်းပမည့် Gender Equality and Women Empowerment Sector Coordination Group (GEWE)အစည်းအဝေးကို ကျင်းပမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးသည်လည်း Co-chair, Chair တာဝန်ယူဆောင်ရွက်ရသောသူများ မှ ညှိနှိုင်းဆွေနွေးသည့် အစည်းအဝေး ဖြစ်ပါကြောင်း UNCEDAW၊ Committee၊  ASEAN Committee for  Women၊ SDGs ကတိကဝတ်များကို မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊  ASEAN Work Plan (၅)နှစ်စီမံကိန်းကိုလည်း အကောင် အထည်ဖော်ရမည် ဖြစ်ပါကြောင်းပြောကြားသွားပါသည်။ အဆိုပါအစည်းအဝေးသို့ အမျိုးသား လွတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာစီးပွားရေးစွမ်းဆောင်ရှင်များအသင်းနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်းကိုယ်စားလှယ်(၁၇)ဦး   တက်ရောက်ခဲ့ပါသည်။

 



      Hit Counter :: 31224