detail

မီးဘေးထောက်ပံ့မှုသတင်း

၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်စစ်ကိုင်းတိုင်းဒေသကြီး

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၌ (၁၂-၁၁-၂၀၁၇)နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၂)စု၊ လူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)အိမ်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။



      Hit Counter :: 31227