detail

ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်ကချင်ပြည်နယ်ဦးစီးမှူးရုံး

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀-၁-၂၀၁၈) ရက်နေ့တွင် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုအတွင်း ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက် ရေကြီးရေလျှံဖြစ်လေ့ရှိသော ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်တွင် ရေဘေးကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း(၆၀၀)ဦးခန့် ပါဝင်ခြင်းဖြင့် စုပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 



      Hit Counter :: 31280