MSWRR | Home
detail

လေပြင်းဘေးထောက်ပံ့မှုသတင်း

၂၀၁၈ခုနှစ်၊ဇွန်လ ၁၃ ရက်ရန်ကုန်တိုင်းဒေသကြီး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု၊ သနပ်ကုန်း ကျေးရွာတွင်  (၁၂-၆-၂၀၁၈) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်း တိုက်ခတ်ခဲ့မှုကြောင့် အမိုးလန် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၀၃၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် (၄၀၀၀၀၀) ကျပ်နှင့် ပြိုကျအိမ်ခြေ (၁) လုံး အတွက် (၁၀၀၀၀၀) ကျပ်တို့ကိုလည်းကောင်း ရေတွင်းဖြူကျေးရွာအုပ်စု၊ ဆင်နင်းရိုးကျေး ရွာတွင်လည်း နေအိမ် (၁) လုံး ပြိုလဲပြီး အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၁ဝဝဝဝဝ) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၁၀၅ဝဝ) စုစုပေါင်းထောက်ပံ့ငွေ (၇၀၀၈၀၀) နှင့် အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးတို့အား (၁၃-၆-၂၀၁၈) နံနက်ပိုင်းတွင်သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။



      Hit Counter :: 31289