detail

ချင်းတွင်းမြစ်ရေကြီး ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်ခန္တီးမြို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ဖောင်ဆိုင်ကျေးရွာအုပ်စု၊ နာဟင်ဖောင်ဆိုင် ကျေးရွာဆိပ်ကမ်း၌ (၁၀-၇-၂၀၁၈) ရက်နေ့တွင် ချင်းတွင်းမြစ်ရေကြီး ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်း ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-) ကျပ်တို့အား (၁၁-၇-၂၀၁၈) ရက်နေ့တွင် ခန္တီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။



      Hit Counter :: 31331