detail

မီးဘေးအတွက် ထောက်ပံ့မှုသတင်း

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်တောင်ကြီးမြို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀)အချိန်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဆေးရုံဝန်းအတွင်း ဝန်ထမ်းလိုင်းခန်း (၃)ခန်းတွဲတွင် မိန်းခလုတ်မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)၊ အိမ်ထောင်စု (၃)၊ လူဦးရေ (၁၉)ဦးအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ထောက်ပံ့ငွေပေးအပ်ခြင်း၊ နှစ်သိမ့်အားပေးခြင်းများပြုလုပ်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု (၃)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၃)စုစာနှင့် လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၃၉,၉၀၀/-)ကျပ်တို့အား (၁၀-၈-၂၀၁၈)ရက် နေ့လည်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31315