detail

မန္တလေးတွင် ကျင်းပပြုလုပ်မည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းမှလည်း ပြခန်းများပါဝင်ပြသ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မန္တလေးမြို့

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင်ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းမှလည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ၊ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ မန္တလေးတက္ကသိုလ်ဝင်း အတွင်း၌ ရင်ခွင်မဲ့ကလေးငယ်များနှင့် အမျိုးသမီးထုများအားကာကွယ်စောင့်ရှောက်ရေးတေးသီချင်းများ၊ ပဟေဠိဉာဏ်စမ်းအစီအစဉ်များ၊ အသိပညာပေးတေးသရုပ်ဖော်ပြဇာတ်များ၊ စကားဝိုင်းများ၊ ပြခန်းများကို စည်ကားသိုက်မြိုက်စွာပါဝင်ကျင်းပသွားမည်ဖြစ်ပြီးအခြားသော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အဖွဲ့ဝင်များကလည်း သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် အသီးသီးပါဝင်ကျင်းပသွားမည်ဖြစ်သဖြင့် မည်သူမဆိုလာရောက်ဆင်နွဲကြနိုင်ပါရန် ဖိတ်ခေါ်အပ်ပါကြောင်းသတင်းရရှိပါသည်။

 



      Hit Counter :: 31315