detail

ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်ပူတာအိုမြို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ဆန်ဂေါင်ကျေးရွာ၌ (၉-၉-၂၀၁၈) ရက်နေ့တွင် ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာတို့အား ဌာနဆိုင်ရာပူးပေါင်းပါဝင်သောအဖွဲ့များနှင့်အတူ

(၁၄-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31323