detail

မိုးကြိုးဘေးနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်ဖျာပုံမြို့နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တမံကျေးရွာအုပ်စု၊ တမံ ကျေးရွာ၌ မိုးကြိုးဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များပါဝင်သည့် အသိပညာပေးလက်ကမ်း စာစောင်များ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31315