detail

သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်ဘိုကလေးမြို့နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ကြိမ်ချောင်းကြီး) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းတက်ရောက်ဦးရေ (၂၅၀) ဦးခန့်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 



      Hit Counter :: 31331