detail

ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်ဟင်္သာတမြို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးသင့် အိမ်ခြေ(၄)လုံး၊ ၎င်းအိမ်ထောင်စု (၄)စုရှိ လူဦးရေ (၁၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၃၆၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၃၆၀၀) ကျပ်တို့ကို (၆-၁၂-၂၀၁၈) ရက်နေ့တွင်ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်



      Hit Counter :: 31331