detail

မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူမှုသတင်း

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မအူပင်မြို့နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Church World Services Myanmar (CWS) မှဝန်ထမ်းများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ အင်းမစုကျေးရွာ၌ (၁၀-၁-၂၀၁၉) ရက်နေ့တွင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31346