detail

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစစ်ကိုင်းတိုင်းဒေသကြီးအတွင်းမိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုထောက်ပံ့ခြင်းများဆောင်ရွက်

၂၀၁၉ခုနှစ်၊ဇန်နဝါရီလ ၁၂ ရက်ယင်းမာပင်

    စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့် ရှောက် ရေးလုပ်ငန်းများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ၊ ဝန်ကြီးဌာနကတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ်၊ ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိသက်ကြီးရွယ်အိုများ၊ မသန်စွမ်း များ နှင့်မိခင်ဝိုင်းများအားထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် လာကြသောအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကိုလက်ဝယ် အရောက်ပေးအပ်ခြင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှခြင်းများဆောင် ရွက်ခဲ့ပါသည်။အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၆၆၆)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၉,၉၈၀,၀၀၀) - တစ်ရာကိုးဆယ့် ကိုးသိန်းရှစ်သောင်း၊ မသန်စွမ်း (၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၂၈၀,၀၀၀) - ရှစ်ဆယ့်နှစ်သိန်းရှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) - သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂)ကျောင်း အတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀၀) - ဆယ့်လေးသိန်းတို့ကိုအသီးသီးထောက်ပံ့ပေးအပ် ရာလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာ၊ လောကနန္ဒာ ကျောင်းတိုက်သို့ရောက်ရှိကြပြီးကျောင်းတိုက်ဆရာတော်အားဖူးမျှော်ကြည်ညို၍ သင်္ကန်းနှ င့်အလှူငွေများ ဆပ်ကပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဓမ္မာရုံကြီးတွင် ကျင်းပသောလူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၆၃၂)ဦးအတွက်လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၁၈,၉၆၀,၀၀၀) - တစ်ရာရှစ်ဆယ့် ကိုးသိန်းခြောက်သောင်း၊ မသန်စွမ်းသူ (၁၀၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃,၀၃၀,၀၀၀) - သိန်းသုံးဆယ့်သုံးသောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက် ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) - သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာတို့ကိုအသီးသီးထောက်ပံ့ ပေးခဲ့ပြီးကလေး ငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှပေးခဲ့ပါသည်။ထို့နောက်  ယင်းမာပင်မြို့၊ ကိုယ့် အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာရှိအထက်တန်း ကျောင်းသို့ရောက်ရှိကြပြီးပုလဲမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၆၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၆,၈၀၀,၀၀၀) - တစ်ရာခြောက်ဆယ့်ရှစ်သိန်း၊  မသန်စွမ်း (၈၆၄)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၂၅,၉၂၀,၀၀၀) - နှစ်ရာငါးဆယ့် ကိုးသိန်း နှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) - သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာတို့ကိုအသီးသီးထောက်ပံ့ပေးခဲ့ ပါသည်။ထို့နောက် ပုလဲမြို့ရှိသမိုင်းဝင်ဆင်မြတ်ရှင်ဘုရားအားသွားရောက်ဖူးမျှော် ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။
    အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက    နိုင်ငံတော်အစိုးရကတစ်နိုင်ငံလုံးအတိုင်း အတာ အနေဖြင့် လူမှုစီးပွားဖွံ့ြဖိုးတိုးတက်ရေးကိုအကောင်ထည်ဖေါ်လျက်ရှိရာဝန်ကြီးဌာန၏ လူမှုကာကွယ် စောင့် ရှောက်ရေးလုပ်ငန်းစဉ်များသည် အဓိကအထောက်ကူပြုလျက်ရှိပါကြောင်း၊ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အို အထိတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုနည်းစနစ်ကျစွာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစားရရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ လူသား ဘဝ အစ ရက်ပေါင်း(၁,၀၀၀) ကာလအတွင်းကိုယ်ခန္ဓာပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုရရှိအောင် ဆောင်ရွက် ပေး ခြင်း၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ အတွက် နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ် များရာနှုန်းပြည့် ကျောင်းရောက်ရှိစေရေးနှင့် ကျောင်းထွက်မှုနှုန်းကျဆင်းစေရန်မိသားစုထောက် ပံ့ရေးလုပ်ငန်း များဆောင်ရွက်ခြင်း၊ အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများနှင့် လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုး တိုး တက်မှုကိုဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများအားစောင့်ရှောက်ခြင်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကိုကာကွယ်တားဆီးရေးနှင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေး၊ လူ့ကြောင့်ဖြစ်သောဘေးများ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာစီမံဆောင်ရွက်ခြင်းများသည် လူမှုစီးပွားတိုးတက်ရေး၏ အဟန့်အတားများကိုကျော်လွှားစေပြီး နိုင်ငံတော်ကအဓိကရည်မှန်းသည် လူမှုစီး ပွားဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးမြှင့်တင်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
    ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းထောက်ပံ့ငွေစုစုပေါင်းမှာကျပ် (၁၀၅,၁၇၉,၃၀၀) - တစ်ထောင့်ငါးဆယ့် တစ်သိန်းခုနှစ်သောင်းကိုးထောင် သုံးရာ ဖြစ်ကြောင်းသတင်းရရှိပါသည်။

 



      Hit Counter :: 31346