detail

ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်သောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် ဒေသခံပြည်သူမျာအားဆက်လက်ထောက်ပံ့ပေးအပ်

၂၀၁၉ခုနှစ်၊ဖဖော်ဝါရီလ ၁၁ ရက်စစ်တွေ

    ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသား များနှင့် ဒေသခံပြည်သူများ၏လိုအပ်ချက်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထား ရေး ဝန်ကြီးဌာနကယနေ့နံနက်ပိုင်းတွင် စတုတ္တအကြိမ် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာပင်မ ဘုန်းတော် ကြီး ကျောင်းသို့ ရောက်ရှိလာသောတိုက်ပွဲရှောင်အိမ်ထောင်စု(၆၈)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး၊ကျားလုံချည်(၆၈)ထည် ၊မလုံချည်(၆၈)ထည်၊ တီရှပ်(၁၃၆)ထည်၊ စောင်(၁၃၆)ထည်၊ ဖျာ(၆၈)ခု ၊လူဦးရေ(၂၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ (၂၁၅၁၀၀၀ိ/-)၊စုစုပေါင်းထောက်ပံငွေတန်ဖိုး (၃,၃၈၃,၈၄၀ိ/-) အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးဌာန၊ ရခိုင်ပြည်နယ်ဦးမှူးရုံးမှ ပြည်နယ်ဦစီးမှူးဦးစီးဆောင်၍ စတုတ္တအကြိမ် ထပ်မံသွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
    ရခိုင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွားလျက်ရှိသောတိုက်ပွားများကြောင့် တိုက်ပွဲရှောင် ရခိုင်တိုင်း ရင်း သားများနှင့်ဒေသခံပြည်သူများအတွက် နိုင်ငံတော်အစိုးရကကူညီထောက်ပံ့မှုများပေးအပ်လျက်ရှိရာ  ၂၀၁၈ခုနှစ် ဒီဇင်ဘာလ၊ တတိယပတ်မှစတင်၍ (၂)ပတ်စာဆန်ရိက္ခာဘိုးငွေများကိုပထမအကြိမ်အဖြစ် ထောက်ပံ့ပေး အပ် ခဲ့ပြီး၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ရက်နေ့တွင် ဒုတိယအကြိမ် ဆန်ရိက္ခာဘိုးငွေ တစ်လစာ၊ အိမ်ထောင်စုများ အလိုက် စောင်များ၊ အခင်းများနှင့် တာပေါ်လင်စများကိုအိမ်ထောင်စု (၉၇၀)၊ လူဦးရေ (၄၄၇၀) အတွက် ပြည်နယ်အစိုးရထံသို့အပ်နှံ၍ လက်ဝယ်အရောက်ဆက်လက်ထောက်ပံ့ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ တစ်လခွဲစာ ရိက္ခာများပေးအပ်ပြီးဖြစ်ပါသည်။ ယမန်နေ့နံနက်ပိုင်းတွင် တိုက်ပွဲရှောင်ရခိုင်တိုင်းရင်းသားများနှင့် တိုက်ပွဲရှောင် ဒေသခံပြည်သူ (၄,၇၅၂)ဦးအတွက် တတိယအကြိမ်ထပ်မံ၍ ဆန်ရိက္ခာ(၁)လစာထောက်ပံ့ငွေကျပ် (၄၂,၇၆၈,၀၀၀)ကိုရခိုင်ပြည်နယ်၊ အမ်းမြို့၊ ရွှေအမ်းတောင်ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့်အဖွဲ့ထံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပေး အပ်ခဲ့ပါသည်။ ဤထောက်ပံ့ငွေများကိုတိုက်ပွဲရှောင်များလက်ဝယ်အရောက် ခံစားရရှိနိုင်ရေးရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းကာစနစ်တကျ ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။ တိုက်ပွဲရှောင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအလေးထားဆောင်ရွက် လျက်ရှိရာ ပထမအကြိမ်မှ စတုတ္ထအကြိမ်ထိဆန်ရိက္ခာထောက်ပံ့မှုမှာစုစုပေါင်းငွေ ကျပ်(သိန်းတစ်ထောင် လေးဆယ့် သုံး သိန်း နှစ်သောင်းငါးထောင့် သုံးရာလေးဆယ် တိတိ) (၁၀၄,၃၂၅,၃၄၀ိ/-)ဖြစ်ပါသည်။ထပ်မံလိုအပ်ချက် များ ရှိပါကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပေါ် (၂၄)နာရီ ဝန် ဆောင်မှုရှိသောဖုန်း ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ များသို့ ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရှိရပါသည်။

 



      Hit Counter :: 31401