detail

တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

၂၀၁၉ခုနှစ်၊ဖဖော်ဝါရီလ ၁၁ ရက်ရခိုင်ပြည်နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ၊ ပင်မဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၆၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး၊ (၁၉၃,၈၀၀/-) ကျပ်တန်ဖိုးရှိသော ကျားလုံချည် (၆၈) ထည်၊ (၁၄၉,၆၀၀/-) ကျပ်တန်ဖိုးရှိသော မလုံချည် (၆၈) ထည်၊ (၁၈၉,၀၄၀/-) ကျပ်တန်ဖိုးရှိသော တီရှပ် (၁၃၆) ထည်၊ (၃၆၀,၄၀၀/-) ကျပ်တန်ဖိုးရှိသော စောင် (၁၃၆) ထည်၊ (၃၄၀,၀၀၀/-) ကျပ်တန်ဖိုးရှိသော ဖျာ (၆၈) လိပ်၊ လူဦးရေ (၂၃၉) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၂,၁၅၁,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၃,၃၈၃,၈၄၀/-) ကျပ်အား (၁၁-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါေကြာင်း သတင်းရရှိပါသည်။

 



      Hit Counter :: 31401