detail

အမျိုးသားမူးယစ်ဆေးဝါးမူဝါဒနှင့် ၂၀၁၈ခုနှစ်တွင်ပြင်ဆင်လိုက်သောမူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲသုံးသပ်ထားသည့်အစီရင်ခံစာမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊မတ်လ ၁၄ ရက်နေပြည်တော်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသောအမျိုးသားမူးယစ် ဆေးဝါးမူဝါဒနှင့် ၂၀၁၈ခုနှစ်တွင်ပြင်ဆင်လိုက်သောမူးယစ်ဆေးဝါးဥပဒေကိုယှဉ်တွဲသုံးသပ်ထားသည့် အစီရင် ခံစာမိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးကိုဆောင်ရွက်ရကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်လျှင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် ဥပဒေရှိပါကြောင်း၊ ၎င်းဥပဒေနှင့် မူဝါဒများသည် ပြည်သူများအတွက် ဘယ်လောက် အကျိုး ရှိမည်ကို  ပြည်သူများသိရှိရန် လိုအပ်ကြောင်း၊ လိုအပ်ချက်များရှိပါကအသေးစိတ်လေ့လာရန် လိုအပ် ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ ရောက်ရှိသူနည်းပါးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အကျဉ်း ထောင်များတွင် နှစ်ရှည်နေထိုင်ရ၍ ဘဝ၏ အကောင်းဆုံးအချိန်များဆုံးရှုံးနေရကြောင်း၊ မူးယစ် ဆေး ဝါးနှင့် ပတ်သက်၍ အရေးယူမှုသည် ပိုမိုရှင်းလင်းပြတ်သားသောဥပဒေလိုအပ်ကြောင်း၊ လူသားအရင်းအမြစ်မှာ ရှားပါးကြောင်း၊ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများလိုအပ်ကြောင်း၊ ဒီနေ့ မိတ်ဆက်ခြင်းအခမ်းအနားမှရရှိချက်များသည် အထောက်အကူရရှိမည်ဖြစ်ကြောင်း၊ ရေးဆွဲပြီးမူဝါဒတွင် နိုင်ငံ တကာ၏ ကောင်းသောအလေ့အကျင့်များ၊ မူဘောင်များနှင့် ကိုက်ညီမှုရှိကြောင်းကိုသိရှိရပါကြောင်း၊ မူးယစ် ဆေးဝါးသည် လူငယ်များနှင့် လူထုအကြားတွင် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကိုအရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ဖို့လိုသလိုမူးယစ်ဆေးဝါး စွဲလန်းသူ များကိုဆေးဖြတ်ကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့မှာလည်းအရေးကြီးကြောင်း၊ မူးယစ်ဆေး ဝါးပြဿနာကိုကိုင်တွယ်ဖြေရှင်းကြရာတွင် ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားလုံးပါဝင်ပေါင်းစပ်လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရာတွင် ဟန်ချက်ညီစေရန်လည်းလိုအပ်ကြောင်း ပြောကြား ပါသည်။
    ဆက်လက်ပြီးပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒထုတ်ပြန် ကြေညာထားပြီး ဖြစ်သလိုမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာဥပဒေ၊ ပြင်ဆင်သည့် ဥပဒေနှင့်နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများ၊ ဥပဒေများ၊ နည်းဥပဒေများသည် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်သည့် အနေအထားမျိုးဖြစ်ရန်လည်းလိုအပ်ကြောင်း၊ ယနေ့ တင်ပြသည့် အစီရင်ခံစာသည်လည်းမူဝါဒနှင့် ဥပဒေများကိုယှဉ်တွဲလေ့လာသုံးသပ်ထားသည့် အစီရင်ခံစာဖြစ်၍ သုတေသန တစ်ရပ်အဖြစ် မှတ်ယူနိုင်ကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာရှေ့လုပ်ငန်းစဉ်များနှင့် ပြုပြင်ပြောင်းလဲဆောင် ရွက်သင့်သည့်အချက်များကို မြင်တွေ့ရမှာဖြစ်ပြီးတက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြားခဲ့ ပါသည်။
    ယနေ့မိတ်ဆက်သည့် သုံးသပ်ချက်အစီရင်ခံစာသည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် စောမွန်လူမှုဖွံ့ဖြိုးရေး အသင်းက ပြုစုတင်ပြသည့် အစီရင်ခံစာဖြစ်ကြောင်းသိရှိရပါသည်။
    အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

 



      Hit Counter :: 31411