detail

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား သြစတြေးလျသံအမတ်ကြီးနှင့် UNICEF ဌာနေကိုယ်စားလှယ်တို့က အသီးသီးလာရောက်တွေ့ဆုံ

၂၀၁၉ခုနှစ်၊မတ်လ ၁၅ ရက်နေပြည်တော်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံအမတ်ကြီး H.E Ms.Andrea Faulknerနှင့် UNICEF ဌာနေကိုယ်စားလှယ် Ms. June Kunnugiတို့ကယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းတို့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီးလာရောက်တွေ့ဆုံခဲ့ပါသည်။
    သြစတြေးလျသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျအစိုးရမှ ပညာသင်ဆုများပေးအပ်နေမှုအခြေအနေများ၊ ရန်ကုန်မြို့တွင်ဖွင့်လှစ်ရန်စီစဉ်ထားသည့် Social Work Institute နှင့်ပတ်သက်၍ သြစတြေးလျရှိတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကိုသက်ဆိုင်ရာဝန်ကြီးဌာနများ၊ အမျိုးသမီးအရေး တက်ကြွစွာ လှုပ် ရှားနေသောလူမှုအဖွဲ့အစည်းများဖြင့်ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ထိုင်းနိုင်ငံရှိနေရပ်ပြန်လိုသူမြန်မာနိုင်ငံ သား များအား ပြန်လည်လက်ခံရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ များ၊ရခိုင် ပြည်နယ်ရှိနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားရှိမှုများ၊ လူမှုသဟဇာတမျှတရေး နှင့် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအေဂျင်စီများအပါအဝင် နိုင်ငံတကာ အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများမှ ပူပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် UNICEFဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် မိုင်းအန္တရာယ်လျှော့ချရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အနေဖြင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ၊ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ ၂၀၁၉ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် International Day for Mine Awareness and Assistance in Mine Action အားကျင်းပရန် ဆောင်ရွက်မည့်အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ တားဆီးကာ ကွယ်ရေး ကော်မတီအား ၇.၁.၂၀၁၉ ရက်နေ့ကစတင် ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ငန်းကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက်ရေး ဆွဲဆောင် ရွက်မည့် အခြေအနေများစသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 



      Hit Counter :: 31411