detail

မီးဘေးထောက်ပံ့မှုသတင်း

၂၀၁၉ခုနှစ်၊မတ်လ ၁၅ ရက်မြောင်းမြခရိုင်

မြောင်းမြမြို့်နယ်၊ ငါးမြင်းချောင်းကျေးရွာအုပ်စု၊ ငါးမြင်းချောင်း ကျေးရွာ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၁၂း၅၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၈) စုမှလူဦးရေး (၃၄) ဦးမီး ဘေး သင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့်ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ နေအိမ် (၉) လုံးအတွက် ထောက်ပံ့ငွေ (၁၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၁၄၀၀) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၂၇၁၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၈) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား ငါးမြင်း ချောင်းကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ (၁၄-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ ပါ ကြောင်း သတင်းရရှိပါသည်။

 



      Hit Counter :: 31411