detail

မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်လယ်ဝေးမြို့နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၌ (၁၁-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31420