detail

လေဘေးထောက်ပံ့မှုသတင်း

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်ရွှေကူမြို့နယ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ် (၁) ရပ်ကွက်နှင့် ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာတို့တွင် (၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးသင့်ကြောင့် ဘေးသင့်အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၈၈) ဦးတို့ အတွက် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၁၄) ပုံး၊ အိမ်ဆောက်တန်ဖိုးငွေ တစ်အိမ်ထောင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၁၃) အိမ်ထောင်အတွက် (၁၃၀၀၀၀၀) ကျပ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီး (၁) အိမ်အတွက် (၂၀၀၀၀) ကျပ်၊ ဘာသာရေးကျောင်း (၁) ကျောင်းအတွက်(၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၈၈) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၁၈၄၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၁၆၀၄၈၀၀) ကျပ်တို့အား (၁၂-၄-၂၀၁၉) ရက်နေ့ နေ့လည်(၁၂း၃၀) နာရီအချိန်တွင်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။



      Hit Counter :: 31420