detail

မီးဘေးထောက်ပံ့မှုသတင်း

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်ကျိုင်းတုံမြို့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်၊ မိုင်းပန်လယ်ကျေးရွာအုပ်စု၊ ဝမ်ကျုံးကျေးရွာ၌ (၁၂-၄-၂၀၁၉ ) ရက်နေ့ မနက် (၀၄:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၂) လုံးမီးဘေးသင့်ခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၇၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၇၃၀၀) ကျပ်တို့အား (၁၂.၄. ၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



      Hit Counter :: 31419