policies

(က)    အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန်  အထောက်အကူ  ဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွဘ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊

 

(ခ)    ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများ အတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝ ရရှိစေရေး၊

 

(ဂ)    ပြည်သူလူထု၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်း များနှင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရန် ဦးတည်ဆောင်ရွက်ရေး။


      Hit Counter :: 31331